လွဲမှားသော လုံခြုံရာအရပ်
ကျွန်တော့်၏ခွေးလေးရူးပတ် ခွေးပေါက်စအရွယ်က အပြင်ထွက်ရမည်ကို ကြောက်နေပြီး၊ ပန်းခြံသို့ သွားမည့်အရေး သူ့ကို ဒရွတ်တိုက်ဆွဲခေါ်ရသည်။ တစ်နေ့တွင် ပန်းခြံထဲရောက်ပြီးမှ ကျွန်တော် သူ့ကို လွတ်ပေးမိရာ သူ့အတွက် လုံခြုံရာ အိမ်သို့ တစ်ချိုးတည်း ပြန်ပြေးဝင်သွားတော့သည်။
ထိုအဖြစ်လေးကြောင့် တစ်ချိန်က လေယာဉ်စီးရင်း ကြုံတွေ့ခဲ့သည့် လူတစ်ဦးကို အမှတ်ရမိသည်။ လေယာဉ် စပြေးချိန်တွင် ‘‘လေယာဉ်ပေါ်မှာ ကျွန်တော် အရက် သောက်မယ်နော်’’ ဟု သူက ကျွန်တော့်ကို စခွင့်ပန်သည်။ ‘‘ခင်ဗျား သောက်ချင်ပုံမရပါဘူး’’ ဟု ကျွန်တော်ပြောရာ၊ ‘‘ဟုတ်တယ် မသောက်ချင်ဘူး။ ဒါပေမဲ့ ဒီလိုပဲ၊ သောက်ဖြစ် နေတာ’’ ဟု ပြောပြသည်။ အတိုချုံးပြောရလျှင် သူသောက်ပြီး မူးကာ လေယာဉ်ပေါ်မှဆင်းချိန်တွင် သူ့မိန်းမက နံစော်နေ သည့်ခင်ပွန်းကို တွဲပြီးဆင်းကာ၊ နောက် သူ့ကို တွန်းထုတ် ပစ်သည့်မြင်ကွင်းက စိတ်မချမ်းမြေ့ဖွယ်ပါ။ အသောက်အစားက…
ကျေးဇူးတော်၏တို့ထိမှု
စာရေးဆရာလိဖ်အန်ဂါ၏ Peace Like a River ဝတ္ထု၌ ဂျဲရမိုင်းယားလဲန်သည် ဒေသခံကျောင်းတစ်ကျောင်း၌ သန့်ရှင်းရေးလုပ်သားအဖြစ်လုပ်ကိုင်ရင်း ကလေး သုံးဦးကို သူတစ်ဦးတည်း ကျွေးမွေးစောင့်ရှောက်ရသည်။ သူသည် ယုံကြည်ခြင်း နက်နဲခိုင်မာသူ ဖြစ်ပြီး တစ်ခါတစ်ရံ သူ့ယုံကြည်ခြင်းက အံ့သြစရာ ကောင်းလှသည်။ ဝတ္ထုတစ်ပုဒ်လုံး၌ သူ့ယုံကြည်ခြင်းမှာ မကြာခဏ စစ်ကြောခံရ သည်။
ထိုကျောင်းကို စီမံအုပ်ချုပ်သူမှာ မျက်နှာ၌ အမာရွတ် ရှိသည့် လူဂွစာ ချက်စတာဟိုဒင် ဖြစ်သည်။ ဂျဲရမိုင်းယားက အလုပ်နှင့် ပတ်သက်၍ စံပြစိတ်ထားရှိသည်။ မိလ္လာများပေကျံသည့်အိမ်သာကြမ်းပြင်ကို မငြီးမငြူ တိုက်ချွတ်သည်။ ဆရာကြီး ဟိုဒင်ခွဲပစ်သည့် ပုလင်းကွဲများ ကိုလည်း ရှင်းလင်းပေးသည်။ သို့သော် ဆရာကြီးက သူ့ကို ထွက်သွားစေချင်သည်။ တစ်နေ့တွင် ကျောင်းသားများရှေ့၌ ဆရာကြီးက သူ့ကို အရက်သောက် မူးရူးသည်ဟု စွပ်စွဲပြီး အလုပ်ထုတ်ပစ်လိုက်သည်။ ၎င်းသည် တစ်ဖက်သားကို…
အားလုံးသည် လက်ဆောင်ချည်းသာ
လန်ဒန်မြို့ရှိ ကဖေးရန်ဒဗူးကော်ဖီဆိုင်လေးကို လှပသောမီးရောင်များ၊ ငြိမ့်ညောင်းသော ထိုင်ခုံများနှင့် ဆင်ယင်ထားပြီး သင်းပျံ့သော ကော်ဖီရနံ့ကလည်း လေထဲတွင် ပြန့်လွှင့် နေသည်။ ထိုဆိုင်၌ မရှိသည့်အရာမှာ ဈေးနှုန်းပင်ဖြစ်သည်။ မူလက ထိုဆိုင်လေးကိုဒေသခံအသင်းတော်တစ်ခုမှ လုပ်ငန်းတစ်ခုအဖြစ် စတင်ဦးစီးလုပ်ဆောင်ခဲ့ပြီး တစ်နှစ် အကြာတွင် ကဖေးဆိုင်အဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့သည်။ ဆိုင်မန်နေဂျာများက အပြုသဘော အပြောင်းအလဲ တစ်ခုခု လုပ်ရန် - မီနူးစာရင်းတွင်ပါသည့် အစားအသောက်များ အားလုံးကို အခမဲ့ကျွေးရန် ဘုရားသခင်က သူတို့ကို နှိုးဆော်သကဲ့သို့ ခံစားရသည်။ ကော်ဖီလား၊ ကိတ်မုန့်လား၊ အသားညှပ် ပေါင်မုန့်လား။ ကြိုက်တာမှာ၊ ငွေပေးချေစရာ မလို - အခမဲ့။ အလှူခံပုံးလည်းမထား။ အားလုံးသည် အခမဲ့။
အဘယ့်ကြောင့် ထိုမျှရက်ရောရသနည်းဟု မန်နေဂျာကို ကျွန်တော် မေးကြည့်သည်။ “ဘုရားသခင်က ကျွန်ုပ်တို့အပေါ် ပြုစုသကဲ့သို့ ကျွန်ုပ်တို့ကလည်း အခြားသူကို ကြိုးစား၍ ပြုစုခြင်းသက်သက်သာဖြစ်တယ်။ ကျွန်ုပ်တို့က ကျေးဇူးတင်သည်ဖြစ်စေ၊…
ဆပွားပေးကမ်းစွန့်ကြဲခြင်းစေတနာ
ပို့ပေးရမည့် ပီဇာနောက်တစ်ချပ်ကို ထုတ်ယူလိုက်ရင်း ရှယ်ရီလ် ရုတ်တရက် အံ့အားသင့် သွားသည်။ သူရောက်လာသည့် နေရာက အိမ်မဟုတ်ဘဲ ဘုရားကျောင်း ဖြစ်နေသည်။ ဇဝေဇဝါဖြစ်သွားသော်လည်း ပီဇာကို ယူပြီး ရှယ်ရီလ် ဘုရားကျောင်းထဲသို့ ဝင်သွားရာ သင်းအုပ်နှင့် တွေ့ခဲ့သည်။
“မင်းအတွက် ဘဝကြီးက အသက်ရှင်ရတာ မလွယ်ဘူး မဟုတ်လား” ဟု ဆရာတော်က သူကို မေးရာသူက ဟုတ်မှန်ကြောင်းပြန်ဖြေသည်။ ထို့နောက် ဆရာက အသင်းသားများ အလှူငွေထည့်ထားသော အလှူခံခွက် နှစ်ခွက်ကို ယူလာပြီး ခွက်ထဲရှိ ဒေါ်လာငွေ ၇၅၀ ကျော်ကို ရှယ်ရီလ်၏အိတ်ထဲသို့ အပိုဆုကြေး ဘောက်ဆူးအဖြစ် ထည့်ပေးလိုက်သည်။ ဆရာက ငွေကြေး အခက်အခဲ ရှိသော ဝန်ထမ်းတစ်ဦးအား မုန့်ပို့ခိုင်းရန် ပီဇာဆိုင်သို့ ကြိုတင် ဖုန်းဆက်ထားသည်ကို ရှယ်ရီလ် မသိရှာ။ အံ့အားသင့်လျက် သူပေးရမည့် အခွန်အခအချို့ကို ဖြေရှင်းနိုင်ပြီး…
ဘုရားသခင်၏ တောက်ပသောအလှ
လော့ဒ် ဟိုဝဲ ကျွန်းသည် သြစတြေးလျအရှေ့ဘက်ကမ်းရိုးတန်း၌ရှိပြီး သဲဖြူများနှင့် ကျောက်သလင်းကဲ့သို့ကြည်လင်သောရေများရှိသည့် ဘုံဗိမာန်လေးတစ်ခုဖြစ်သည်။ လွန်ခဲ့သော နှစ်အတန်ကြာက ထိုကျွန်းသို့ ကျွန်ုပ်သွားရောက်လည်ပတ်ခဲ့ရာ ၎င်း အလှများ၏ ဖမ်းစားမှုကို ခံခဲ့ရသည်။ ထိုနေရာတွင် ပင်လယ်လိပ်များ၊ တလက်လက် တောက်ပနေသောငါးများနှင့် ရေကူးနိုင်ပြီး၊ ကြော်ငြာ ဆိုင်းဘုတ်ကဲ့သို့ နီယွန်မီးရောင်များပမာ ရောင်ပြန်ဟပ် နေသော ငါးများက အနီးမှ ဖြတ်သန်းသွားသည်။ ကျွန်းပေါ်ရှိ ရေငံအိုင်မှ သန္တာကျောက်တန်းများတွင် လိမ္မော်ရောင် တောက်တောက်နှင့် နီမိုငါးများ၊ အ၀ါရောင်အစင်းကြားနှင့် လိပ်ပြာငါးများကို တွေ့ရပြီး ကျွန်ုပ်လက်ကို ၎င်းတို့ လာနမ်းကြ သည်။ ထိုသို့ အံ့မခမ်းသောမြင်ကွင်းကို မြင်ရပြီးနောက် ဘုရားသခင်ကို မကိုးကွယ်ဘဲ မနေနိုင်ပြီ။
ကျွန်ုပ်ခံစားချက်အပေါ် တမန်တော်ရှင်ပေါလုက အကြောင်းရင်းတစ်ချက်ကို ပေးသည်။ ဖန်ဆင်းခံအရာများက ဘုရားသခင်၏သဘောသဘာဝကို ဖော်ပြနေခြင်းတည်း (ရော ၁း၂၀)။ လော့ဒ် ဟိုဝဲကျွန်း၏ အံ့သြစရာများက ကိုယ်တော်၏…
အရာခပ်သိမ်းအတွက် ကျေးဇူးတင်
သြစတြေးလျနိုင်ငံ၌ မြို့တစ်မြို့နှင့်တစ်မြို့ ခရီးသွားရာတွင် နာရီပေါင်းများစွာ ကားမောင်းရသဖြင့် ပင်ပန်းနွမ်းနယ်လာနိုင်ပြီး၊ ယာဉ်မတော်တဆထိခိုက်မှုများ ဖြစ်နိုင် သည်။ ထိုကြောင့် အားလပ်ရက်ခရီးသွားလာမှုများသည့်အချိန်များ၌ အဓိက အဝေးပြေး လမ်းမကြီးများတွင် စေတနာ့ဝန်ထမ်းများက ကော်ဖီ အခမဲ့ဝေပေးသည့် ယာဉ်ရပ်နား စခန်းကို ထားရှိပေးသည်။ ကျွန်တော့်ဇနီး မယ်ရင်း နှင့် ကျွန်တော်တို့ အချိန်ကြာမြင့်စွာ ကားမောင်းသွားရသည့် အခါ ဤယာဉ်ရပ်နားစခန်းများကို ကျေနပ်နှစ်သက် အကြိုက်ပိုလာသည်။
တစ်ကြိမ်တွင် ခရီးသွားခဲ့စဉ် ကားရပ်ပြီး ကော်ဖီ ၂ ခွက် မှာယူခဲ့သည်။ ၀န်ထမ်းတစ်ဦးက ကော်ဖီ ၂ ခွက် ပေးပြီး ၂ ဒေါ်လာ တောင်းသည်။ အကြောင်းရင်းကိုမေးရာ သူက စာလုံးသေးသေးနှင့် ရိုက်နှိပ်ထားသည့် ဆိုင်းဘုတ်ကို ညွှန်ပြသည်။ ဤရပ်နားစခန်း၌ ယာဉ်မောင်းသာ ကော်ဖီ အခမဲ့ရပြီး ခရီးသည်များမှာမူ အခပေးရမည်ဖြစ်သည်။
ကျွန်တော်စိတ်အနှောင့်အယှက်ဖြစ်ပြီး ‘‘အဲဒါက မရိုးသား…
ခရေစေ့တွင်းကျ
စကြ၀ဠာကြီးသည် ထူးခြားအံ့ဩဖွယ် ကြီးမားလှပါသည်။ လသည် တစ်နာရီ မိုင် ၂၃၀၀ နှုန်းခန့်ဖြင့် လှည့်ပတ်နေပြီး၊ ကျွန်ုပ်တို့နေထိုင်ရာ ကမ္ဘာဂြိုလ်သည် နေကို တစ်နာရီလျှင် မိုင် ၆၆,၀၀၀နှုန်းဖြင့် လှည့်ပတ်နေပါသည်။ ထို့ပြင် နေသည် နဂါးငွေ့တန်းထဲရှိ ဘီလျံ ၂၀၀ မျှ ရှိသည့် ကြယ်များ၊ ၁ ထရီလီယံ ကျော်မျှရှိသော ဂြိုလ်များထဲမှ တစ်ခု အပါအ၀င် ဖြစ်သည်။ ထိုမျှမက ထိုနဂါးငွေ့တန်းမှာလည်း အာကာသထဲရှိ ဘီလျံ ၁၀၀ မျှ ရှိသော နဂါးငွေ့တန်းများ ထဲမှ တစ်ခုဖြစ်သည်။ အံ့အားသင့်ဖွယ်ပေ။
ဤမျှ ကြီးမားကျယ်ပြန့်သော စကြ၀ဠာကြီးနှင့် နှိုင်းယှဉ်လျှင် ကျွန်ုပ်တို့ကမ္ဘာသည် ကျောက်စရစ်ခဲသာသာ မျှသာရှိ သည်။ ထို့ပြင် ကျွန်ုပ်တို့ တစ်ဦးချင်းစီသည်လည်း မြေတစ်မှုန် လောက်ပင် အရေးမပါ။ ကျမ်းစာထဲတွင် စကြ၀ဠာ ဖန်ဆင်းရှင် သည်…
အောင်မြင်တိုးပွားရန်အချိန်
ပြီးခဲ့သည် နွေဦးရာသီတွင် ကျွန်ုပ်၏အိမ်နောက်တံခါးအနီးရှိ နှင်းဆီချုံကိုခုတ်ပစ်ရန် ဆုံးဖြတ်ခဲ့သည်။ ဤအိမ်ကြီးတွင် သုံးနှစ်နေထိုင်လာပြီးသော်လည်း ထိုအပင်မှ ပန်းပွင့် များများ စားစား မပွင့်။ ထို့ပြင် အကျည်းတန်၍ အသုံးမ၀င်သောအကိုင်းများက နေရာအနှံ့ ထိုးထွက် တွယ်ကပ်နေသည်။
သို့သော် အလုပ်ရှုပ်နေသဖြင့် ဥယျာဉ်ပြုပြင်ရန် အချိန် နှောင့်နှေးခဲ့သည်။ ရက်သတ္တပတ် အနည်းငယ်အကြာတွင် ထိုနှင်းဆီချုံသည် ယခင်နှင့်မတူတော့ဘဲ အပွင့်များဖြင့် ဝေဆာဖူးပွင့်လာသည်။ ရာနှင့်ချီသည့် သင်းပျံ့မွှေးထုံသည့် နှင်းဆီပွင့်ဖြူကြီးများ ဝေဆာလျက် တစ်အိမ်လုံး သင်းပျံ့ကာ မြေပြင်ပေါ်တွင်လည်း ပွင့်ဖတ်များဖြင့် ပြည့်နှက်နေသည်။
ပြန်လည်ရှင်သန်လာသော နှင်းဆီပင်က ရှင်လုကာ ၁၃း၆-၉ ပါ သခင်ယေရှုမိန့်ကြားသော သင်္ဘောသဖန်းပင် ပုံဥပမာကို ပြန်လည်သတိရစေသည်။ ဣသရေလ တိုင်းပြည်တွင် သင်္ဘောသဖန်းပင် အသီးသီးရန် အချိန် သုံးနှစ်စောင့်ရသည်။ ထိုကာလ အတွင်း အသီးမသီးပါက ထိုအပင်ကို ခုတ်ပစ်ပြီး မြေကိုအကျိုးရှိစွာ ပြန်လည်…
မွှေးကြိုင်သောရနံ့
စာရေးဆရာမ ရီတာစနိုးဒင်း က အင်္ဂလန်နိုင်ငံ၊ ဒိုဗာဒေသရှိ ရွာလေးသို့ သွားရောက် လည်ပတ်စဉ် ကြည်နူးဖွယ်ရာ အဖြစ်လေးတစ်ခုကို ပြောပြသည်။ တစ်ညနေတွင် ကဖေး တစ်ခု၏အပြင်ဘက်၌ လက်ဖက်ရည်ထိုင်သောက်နေစဉ် အလွန်မွှေးကြိုင်သည့် မွှေးရနံ့ကို သူသတိထားမိသည်။ သို့နှင့် စားပွဲထိုးလေးအား အမွှေးရနံ့ ဘယ်ကလာ သနည်းဟု မေးကြည့်ရာ သူမြင်နေရသည့် ဖြတ်သန်း သွားလာနေသူများထံမှလာကြောင်း စားပွဲထိုးက ပြန်ဖြေ သည်။ ရွာသားအများစုသည် ရွာအနီးရှိ ရေမွှေးစက်ရုံ၌ အလုပ်လုပ်ကြသည်။ သူတို့အိမ်ပြန်လာသည့်အခါ ရေမွှေး ရနံ့က သူတို့အ၀တ်အစားတွင် စွဲကျန်ရစ်ပြီး လမ်းပေါ်တွင်ပါ မွှေးကြိုင်နေခြင်း ဖြစ်သည်။
ခရစ်ယာန်များ၏အသက်တာကို ထင်ဟပ်ပြ နေသည့် အလွန်လှပသောပုံရိပ်ပင်။ တမန်တော် ရှင်ပေါလု ပြောသကဲ့သို့ ကျွန်ုပ်တို့သည် ခရစ်တော်၏အမွှေးအကြိုင်များ ဖြစ်ပြီး ထိုရနံ့ကို နေရာအနှံ့သို့ ပျံ့နှံ့စေရပါမည် (၂ကော ၂း၁၅)။ ရှေးခေတ်က စစ်ပွဲမှ ပြန်လာသောရှင်ဘုရင်၏နောက်တွင်…
ပုံရိပ်ကို စီမံခန့်ခွဲခြင်း
ဝန်ကြီးချုပ် ၀င်စတန်ချာချီ၏ အနှစ် ၈၀ မြောက် မွေးနေ့ပွဲအတွက် ဗြိတိသျှ ပါလီမန်က နာမည်ကျော် နိုင်ငံခေါင်းဆောင်ကြီး၏ ပုံတူပန်းချီကားဆွဲပေးရန် ပန်းချီဆရာ ဂရေဟမ် စူသလန်အား အလုပ်အပ်ခဲ့သည်။ ‘‘ငါ့ကို ဘယ်လိုပုံဆွဲပေးမှာလဲ၊ အပြစ်ကင်းတဲ့ ကလေးတစ်ယောက်ပုံလား၊ ဒါမှမဟုတ် ခွေးဘီလူးလိုမျိုးလား’’ ဟု ချာချီ က ပန်းချီဆရာကို မေးခဲ့ကြောင်း အရပ်စကားများအရ သိရသည်။ သူ့အား ကိုယ်စားပြုသော၊ နာမည်ကျော်ပြီး လူကြိုက်များသည့် ဤပုံစံနှစ်မျိုးကို ချာချီ နှစ်သက်သည်။ သို့သော် စူသလန်က သူမြင်သည့် အရာကိုသာ သူရေးဆွဲမည်ဟု ဖြေခဲ့သည်။
ချာချီသည် သူ့ပုံတူ ပန်းချီကားကို မကြိုက်ပါ။ စူသလန် ဆွဲပေးသော ပုံတူမှာ ချာချီ၏ အပြင်က ရုပ်အတိုင်း သူ၏စတိုင်ဖြစ်သည့် စိတ်ဆိုးမာန်ဆိုး မျက်နှာပေးနှင့် ကုလားထိုင်ပေါ်၌ ထိုင်နေသည့်ပုံဖြစ်သည်။ ကြည့်ကောင်းအောင် ဆွဲဆောင်မှုရှိအောင် ရေးဆွဲမထားပါ။ ထိုပုံတူပန်းချီကားကို …